пятница, 31 января 2014 г.
ကျွန်မကို မေးတယ်။
မြန်မာစကားကို ဘာလို့ သင်တာလဲတဲ့
ဘာရည်ရွယ်ချက် ရှိလို့လဲတဲ့။
ဘာရည်ရွယ်ချက်မှ မရှိဘဲနဲ့ ဝါသနာ ပါလို့ သင်တယ်လို့ ပြန်ပြောလိုက်တော့ သူတို့ လက်မခံကြဘူး...
တော်တော်များများက ဒီအဖြေကို မကျေနပ်ကြဘူး။
အဲဒါကြောင့် အခု နည်းနည်း ပြောပြချင်တယ်...
လူတယောက်ကို ချစ်တယ်ဆိုရင် ဘာဖြစ်လို့ ချစ်တာလဲ။ ချောလို့ ချစ်တာလား။ ပိုက်ဆံချမ်းသာလို့ ချစ်တာလား။ အကြောင်းတခုခု ရှိတယ်ဆိုရင် ဒါ အချစ်အစစ်လား။
ချောတဲ့လူက ခဏလေးပဲ ချောတယ်။ အသက်ကြီးရင် ရုပ်ဆိုးသွားမယ်။ ပိုက်ဆံလည်း မမြဲပါဘူး။ တနေ့နေ့မှာ ပျောက်နိုင်တယ်။ ရုပ်ဆိုးပြီး ဆင်းရဲတဲ့လူကို ဆက်ပြီးတော့ မချစ်တော့ဘူးပေါ့။ တချို့ကျတော့ အဲလိုပဲ လုပ်တယ်။ အကျိုးတခုခု ရနိုင်ရင် ချစ်တယ်။ အကျိုးမရတော့ဘူး ပြဿနာတွေ ပေါ်လာရင် အချစ်ကလည်း ပျောက်တယ်။
ဒါပေမဲ့ အဲလိုမျိုးကို အချစ်လို့ ဘယ်သူမှ မခေါ်ဘူး။ အများသောအားဖြင့် ရည်ရွယ်ချက် မရှိဘဲနဲ့ ချစ်မှ အချစ်အစစ်လို့ ယူဆကြတယ်။
ကျွန်မလည်း မြန်မာစကားကို ကြိုက်တာ အကြောင်းမရှိဘဲနဲ့ပဲ။
ဘာလို့ ကြိုက်လဲ ဆိုတာ ကျွန်မ ကိုယ်တိုင် မသိဘူး။ သိတာ တခုပဲ ရှိတယ်။ မြန်မာလို မပြောဘဲနဲ့ မနေနိုင်တော့ဘူး။
အမှန်အတိုင်း ပြောရရင် တက္ကသိုလ်နဲ့ မေဂျာကို ရွေးတုန်းက ကျွန်မ တရုတ်ဘာသာစကားကိုပဲ ရွေးခဲ့တယ်။ မြန်မာနိုင်ငံနဲ့ မြန်မာစကားအကြောင်း သိတောင် မသိခဲ့ဘူး။ ကံကောင်းတာက အဲဒီတုန်းက တရုတ်/မြန်မာ ဘာသာစကားနှစ်ခု ဆိုတဲ့မေဂျာလည်း ပါတယ်။ ( ၅နှစ်ကို ၁ကြိမ်ပဲ ရှိတယ် )
မြန်မာစကားကို စသင်ပြီးတော့ အရမ်းစိတ်ဝင်စားသွားတယ်။ မြန်မာလို ပြောရင် ဖတ်ရင် ရေးရင် စိတ်ထဲမှာ တခုခု ဖြစ်နေတယ်။
အရမ်းရင်းနှီးတဲ့သူငယ်ချင်းကို တွေ့သလို
အရမ်းလိုအပ်တဲ့ ပစ္စည်းကို ရသလို
ခရီးထွက်ပြီးတော့ မိမိအိမ်ကို ပြန်ရောက်သလို ခံစားမိတယ်။
သီချင်းနားထောင်တာ ဝါသနာပါတဲ့လူက အရမ်းကောင်းတဲ့ သီချင်းကို ကြားရရင် သူ့စိတ်ထဲမှာ ပျော်ရွှင်ကျေနပ်မှု ရှိလာတယ်။ စိတ်ချမ်းသာလာတယ်။
ကျွန်မကို ပျော်ရွှင်စေတဲ့အသံက မြန်မာအသံပဲ။
၂၀၀၇ခုနှစ် စက်တင်ဘာလက စပြီး အခုချိန်ထိ မြန်မာစကားကို ပစ်ထားတဲ့ရက် တစ်ရက်မှ မရှိခဲ့ဘူး။
တကယ်တော့ ကျွန်မ ငပျင်းကြီးပဲ။ ဘာမှ မလုပ်ချင်ဘူး။ စာသင်ရတာ ပျင်းတယ်။ ကျောင်းပိတ်ရင် စာမကြည့်ဘူး။ ထူးဆန်းတာ တခု ရှိတယ်။ မြန်မာစကားကို လေ့လာဖို့ မပျင်းဘူး။
တရုတ်လို ပြောဖို့လိုမယ်ဆိုရင် ပျင်းတယ်။ မပြောချင်ဘူး။ အကြောင်းရှာပြီး မပြောအောင် နေတယ်။
တရုတ်သူငယ်ချင်းတွေလည်း မရှိဘူး။ တရုတ်စကားကို ကြိုက်တော့ ကြိုက်တယ်။ ဒါပေမဲ့ မပြောလည်း ရတယ်။ မသင်လည်း ရတယ်။ နေနိုင်တယ်။ အချိန်ကြာရင် မေ့တော့မှာ။ မေ့လည်း ဘာမှ မဖြစ်ဘူး။
တရုတ်စကားကို လေ့လာတာ အကြောင်းရှိလို့ပဲ။ တရုတ်လို ကောင်းကောင်းတတ်ရင် ကောင်းတဲ့အလုပ်ကို ရတယ်။ လစာလည်း ကောင်းတယ်။ အလားအလာလည်း ရှိတယ်။
မြန်မာစကားနဲ့ ပတ်သက်တဲ့အလုပ်ကို ရှာရတာ မလွယ်ဘူး။ ကျွန်မ နေတဲ့မြို့မှာ ဘာမှ ရှာမတွေ့လို့ တခြားမြို့ကို ပြောင်းသွားတယ်။
ဒါပေမဲ့ ကျွန်မအတွက် မြန်မာက အဓိကပဲ။ ပိုက်ဆံထက် အရေးကြီးပါတယ်။ မြန်မာလို နေ့တိုင်း ပြောရရင် မြန်မာအသံ ကြားရရင် ကျေနပ်ပါတယ်။
မြန်မာလို ပြောဖို့ ဘယ်သူမှ မရှိရင် အရမ်းနေလို့ခက်တယ်။ ကျွန်မ တရုတ်ပြည်မှာ ၁နှစ်ကြာ သင်တန်း တက်ခဲ့ဖူးတယ်။ အဲဒီမှာ မြန်မာ တယောက်မှ မရှိဘူး။ မြန်မာလို တစ်ယောက်မှ နားမလည်ဘူး။ အရမ်း စိတ်ညစ်ဖို့ ကောင်းတယ်။ မြန်မာလို ပြောလို့ အဆင်မပြေတော့ မြန်မာသီချင်းတွေပဲ နားထောင်ခဲ့တယ်။ ဇတ်ကားတွေလည်း ကြည့်ခဲ့တယ်။ နောက်ဆုံး အင်တာနက်မှာ ပြောမဲ့သူ ရှာပြီး မြန်မာသူငယ်ချင်းတွေကို ရသွားတယ်။
၁နှစ်ပြည့်ပြီး ရုရှားကို ပြန်ရောက်တော့ ကျွန်မနဲ့ ကျောင်းအတူတူ တက်တဲ့သူငယ်ချင်းတွေ အရမ်းအံ့သြသွားတယ်။ တရုတ်မှာ ဘာသင်ခဲ့တာလဲတဲ့၊ တရုတ်စကားလား မြန်မာစကားလားတဲ့။
ဘာလို့လဲဆိုတော့ သူတို့ ၁နှစ်ကြာကြာ မြန်မာလို မပြောဖြစ်တော့ အကုန်မေ့သွားတယ်။
ကျွန်မ မမေ့ဘူး။ မြန်မာလို နေ့တိုင်း ပြောမှ စိတ်ချမ်းသာတယ်ဆိုတော့ ဘယ်လို မေ့နိုင်မလဲ...
မြန်မာနဲ့ ရုရှား ယဉ်ကျေးမှုနဲ့ ဓလေ့ တော်တော် ကွာတယ်။
တခါတလေ မကျေနပ်တာတွေ ရှိတယ်။
တချို့ဟာတွေကို လက်မခံနိုင်ဘူး။
တချို့လူတွေ သဘောမကောင်းဘူး။ တချို့က ကျွန်မကို ဒုက္ခပေးတယ်။
တချို့တွေနဲ့ ရန်ဖြစ်တယ်။
တခါတလေ စိတ်တိုတယ်။ စိတ်ပျက်တယ်။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်
ကျွန်မအတွက် မြန်မာက အမြဲတမ်း နံပါတ် တစ် ပဲ။
18 комментариев:
  1. မြန်မာပြည်ပေါက် မြန်မာလူမျိုးတွေ စာလုံးပေါင်းသတ်ပုံတွေ ထောင်းလမောင်းကျေအောင် မှားနေတာကို စိတ်ဓာတ်ကျနေတဲ့ ဦးဟန်ကြည်၊ သတ်ပုံကို အင်မတန် အာရုံစိုက်တတ်တဲ့ ဦးဟန်ကြည်က သည်ပို့စ်ကို ဖတ်ပြီး အတော်လေးစားမိတာ ၀န်ခံရမှာပါပဲ...ကိုယ့်စိတ်ထဲမှာ ရှိတာကို သူများနားလည်အောင် ရှင်းရှင်းလင်းလင်းရေးနိုင်သလို ကြိယာဝိသေသနတွေကို ကျကျနန သုံးတတ်တာ ချီးကျူးစရာပါ...အစစအရာရာ ချောမွေ့ အောင်မြင်ပါစေဗျာ...
    ОтветитьУдалить
  2. ဂုဏ်ယူကျေနပ်စွာ ဖတ်ရှူသွားပါတယ်
    ချစ်ခင်စွာဖြင့်
    တတိယမြောက်သမီးတော်
    ОтветитьУдалить
  3. မြန်မာစာကို ချစ်မြတ်နိုးတဲ့ ဝသုန်မိုးကို တကယ်ပဲ အံ့သြ လေးစားမိပါတယ်။
    ОтветитьУдалить
  4. အံသြ၊ချစ်​ခင်​​လေးစားမိပါတယ်
    ОтветитьУдалить
  5. တကယ်လေးစားမိပါတယ်ရှင်။
    ОтветитьУдалить
  6. ချစ်စရာကောင်မလေးတစ်ယောက်ရေးထားတဲ့ ချစ်စရာဘလော့လေးကိုဒီနေ့အလည်ရောက်ခဲ့ပါတယ်ကောင်းသောနေ့လေးဖြစ်ပါ.
    ချစ်ခင်လျှက်
    မဒမ်ကိုး
    ОтветитьУдалить
  7. လေးစားပါတယ်ဗျာ
    ဆရာဟိန်းတင့်ဇော်
    ОтветитьУдалить
  8. လေးစားပါတယ်ဗျာ.........လာရောက်အားပေးခဲ့ပါကြောင်းး
    (ဒုတိယ)
    ОтветитьУдалить
  9. အံ့သြလေးစားပါတယ် .....
    ကိုသက်မွန် (မန်း)
    ОтветитьУдалить
  10. မြန်မာနိုင်ငံကိုလည်း လာလည်ဘို့ ဖိတ်ခေါ်ပါတယ် .....
    ОтветитьУдалить
  11. ၀သုန်ရေ... ကျွန်မတို့ 2012 က မန္တလေးမှာ operation smile mission လုပ်တုန်းက ရုရှားက သူငယ်ချင်းတစ်ယောက်လာပြီး mission အစအဆုံး (၁၂)လောက်နေသွားခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ ရုရှားသူတွေက တော်တော်ချောတယ်ဆိုတာ ၀သုန်ကို ထပ်တွေ့ဖူးပြီး လက်ခံလိုက်ပြီ။ တို့ အဲဒီနောက်မှာ ဥဇဘက်ကစ္စတန်ကို mission နဲ့ သွားခဲ့တော့ အဲဒီမှာလည်း အသိတွေရှိတယ်။ မြန်မာက ရုရှားစကားမတတ်၊ ရုရှားက မြန်မာကို မသိနဲ့ တော်တော်ဒုက္ခရောက်ခဲ့တာ.. ရုရှားမှာ မြန်မာစာ မြန်မာစကားစိတ်ဝင်စားတဲ့ ၀သုန်ရှိတယ်လို့ သူတို့ကိုပြောပြပြီး ကြွားရဦးမယ်။
    တို့ နာမည်က ၀င်းဝင်းသန့်တဲ့.. ၀သုန်ကငယ်ငယ်လေးရှိဦးမယ် မ၀င်း (သို့) ၀င်းဝင်းလို့ ခေါ်လို့ရတယ်လေ. ၀သုန့်ကို စိတ်ညစ်အောင်မလုပ်ပါဘူး လို့
    ချစ်မိသွားတဲ့
    ОтветитьУдалить
  12. မြန်မာစာပေ မြန်မစကားကို ချစ်မြတ်နိုးတဲ့ ဝသုန့်နဲ့ သည်နေရာလေးမှာ သိကျွမ်းခွင့်ရတာ မြတ် အရမ်းပဲ ဝမ်းသာပါတယ်။ ဝသုန့်ကို ချီးကျူး လေးစားမိပါတယ်။
    ОтветитьУдалить
  13. အဖြေလေးကတော်တော်လေးကိုလှပါတယ်....ဖတ်ရတာလည်းကောင်းပါတယ်.......အဲအဖြေကမှန်လည်းမှန်ပါတယ်....... လေးစားမိပါတယ်...ခင်ဗျ..။
    ОтветитьУдалить
  14. တကယ်ကိုတော်ပါတယ်ဗျာ ရှားမှရှားထဲက တစ်ယောက်ပေါ့ လေးစားခင်မင်မိပါတယ်
    ОтветитьУдалить
  15. ကြိုဆိုပါတယ်​ အစ်​မ
    ОтветитьУдалить
  16. ကြိုဆိုပါတယ်​ အစ်​မ
    ОтветитьУдалить
  17. ဒီpostလေးဖတ်မိသွားလို့..ကြိုက်သွားတယ်...မှန်ပါတယ်.မ၀သုန်မိုး..စိတ်၏ခံစါးချက်များမှာဘာကြောင့်လဲဆိုတဲ့အပေါ်ယံအကြောင်းတရားတွေ..များသောအားဖြင့်မရှိပါဘူး...ကျွန်တော်တို့မြန်မာတွေရဲ့..အတွေးအခေါ်အရဆိုရင်တော့..အကြောင်းတရားရှိလိုသာ့အကျိုးတရားဖြစ်တာဆိုတာနဲ့တော့..ညီချင်မှညီပါလိမ့်မယ်...ဒါပေမဲ့လို့..မ၀သုန်မိုးကိုယ်တိုင်က...မသိနိုင်တဲ့...ရှေးဘ၀ကံ..အကြောင်းတရားကတော့..ရှိလိမ့်မယ်လို့..ထင်ပါတယ်....ထင်တယ်ဆိုတာထက်...ယုံကြည်မိပါတယ်.....
    ОтветитьУдалить
  18. လာလည်သွားပါတယ်။
    ОтветитьУдалить